Read me a book

02/25/20

အသံထွက်၍စာဖတ်ပြခြင်း လုပ်ငန်းစဉ် ကိုဆောင်ရွက်ကြခြင်း

Image may contain: 4 people, people on stage and indoor

  (၂၅-၂-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၌ အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား အစီအစဥ်ရ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ဝန်ထမ်းများသည် အဆိုပါကျောင်းရှိ မူလတန်းအရွယ် ကျောင်းသားကျောင်းသူများကို အသံထွက်၍စာဖတ်ပြခြင်း အစီအစဉ်ကို လက်တွေ့ဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဒေါ်စိုးသီတာ က အစီအစဉ် နှင့်ပတ်သက်သည်များကိုရှင်းလင်းပြောကြားပါသည်။
ထို့နောက် အမျိုးသားစာကြည့်တိုက်မှ
ဒေါ်ခင်မြတ်သူက ခေါင်းလျော်ပျင်းသူလေး ပုံပြင်ကိုလည်းကောင်း၊ အဆိုပါကျောင်းမှမူလတန်းပြဆရာမ ဒေါ်ခင်သန္တာအောင်က ကျီးကန်းပုံပြင်ကိုလည်းကောင်း၊ အမျိုးသားစာကြည့်တိုက်မှ ဒေါ်ဧရာဖုန်းမြင့်က ကျေးဇူးသိတတ်မှုပုံပြင်ကိုလည်းကောင်း ဖတ်ကြားဆောင်ရွက်ကြပါသည်။

အဆိုပါအစီအစဉ်သို့ဆရာ၊ဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ(၃၀)ဦးပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။



87182810_115458710042621_1054777649307582464_n.jpg

87478688_115458736709285_3385936810671603712_n.jpg