Proquest Database Training

03/06/20

Proquest Database အသုံးပြုနည်းသင်ကြားပို့ချခြင်း

6-3-2020

    အသစ်ပြောင်းရွေ့ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Digital Library ခန်းမတွင် ကျောင်းသူကျောင်းသားများ၏ ဘွဲ့ယူကျမ်းများပြုစုရာ၌ လက်တွေ့အသုံးဝင်သည့် Proquest Database ရှာဖွေခြင်းလုပ်ငန်းစဉ်များကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်(UCL) မှ စာကြည့်တိုက်မှူးဒေါက်တာနီနီနိုင် က လာရောက်သင်ကြားပို့ချပေးခဲ့ပါသည်။

88102564_119856329602859_8485768346443186176_o.jpg

အဆိုပါသင်တန်းသို့ အမျိုးသားစာကြည့်တိုက်မှစာကြည့်တိုက်မှူး (24)ဦး၊ ရန်ကင်းပညာရေးကောလိပ်မှ စာကြည့်တိုက်မှူး၊ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ကျောင်းသူ (၂၀)ဦး၊ သံလျင်မြို့ပြည်သူ့ရင်သွေးစာကြည့်တိုက်မှ စာကြည့်တိုက်မှူးနှင့် ဆရာမ(5)ဦး၊Confidence English Language Centre မှ ဆရာမနှင့် ကျောင်းသူ(5)ဦး၊ စုစုပေါင်း(55)ဦးတက်ရောက်ခဲ့ကြပါသည်။

88205505_119856359602856_8409791332754653184_o.jpg

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် စာဖတ်သူများကိုပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဌာနဝန်ထမ်းများအပါအဝင်စေတနာ့ဝန်ထမ်း(volunteer) များအား ဆက်လက်၍ သင်တန်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

88424879_119856269602865_3874520809816981504_o.jpg