Reading Rules

03/14/20

စာကြည့်တိုက်ဖွင့်ချိန် (Opening Hours)

၁။      အမျိုးသားစာကြည့်တိုက်ရှိစာစုများကို တနင်္ဂနွေ၊ တနင်္လာနှင့် အစိုးရရုံးပိတ်ရက် များမှအပ ကျန်ရက်များတွင် နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ အခမဲ့ လာရောက် ဖတ်ရှုနိုင်သည်။


စာကြည့်တိုက်အသုံးပြုခြင်း

၂။      အမျိုးသားစာကြည့်တိုက်ကို အသုံးပြုခွင့်ရှိသူများသည် စာကြည့်တိုက်ကို အောက်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကာအသုံးပြုနိုင်သည်။

(က)   အမျိုးသားစာကြည့်တိုက်တွင် စာပေဖတ်ရှုလိုပါက စာကြည့်တိုက်၏ မှတ်ပုံတင်ဌာနစိတ် (Information Desk) တွင် အထောက်အထားကတ်ပြားတစ်ခုခု (ဥပမာ− နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သံဃာမှတ်ပုံတင်ကတ်ပြား၊ သီလရှင်မှတ်ပုံတငကတ်ပြား၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အစိုးရကအသိအမှတ်ပြုထားသော အထောက်အထားသက်သေခံကတ်ပြားတစ်ခုခကိုပြ၍ စာရင်းသွင်းရမည်ဖြစ်သည်။

(ခ)    ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား ဖြစ်ပါကနိုင်ငံကူးလက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်ကိုပြ၍ စာရင်းသွင်းရမည်ဖြစ်သည်။

(ဂ) မိမိ၏အထောက်အထားကတ်ပြားကို တာဝန်ရှိသူထံအပ်နှံကာ အမျိုးသားစာကြည့်တိုက်မှ သတ်မှတ်ထားသော “စာကြည့်တိုက်အသုံးပြုခွင့် ကတ်ပြား”ကို ရယူကာ ချိတ်ဆွဲခြင်း သို့မဟုတ် တပ်ဆင်ခြင်းဖြင့်အသုံးပြုရမည်ဖြစ်သည်။

(ဃ) စာဖတ်သူသည်စာဖတ်ရာတွင်လိုအပ်မည့် စာရေးကိရိယာနှင့်မှတ်စုစာအုပ်မှတစ်ပါးသောပစ္စည်းများကို မှတ်ပုံတင်ဌာနစိတ် (Information Desk) ရှိ သီးသန့်ပစ္စည်း ထားရန်နေရာ (Locker) တွင်ထည့်ထားရမည်။ လက်ကိုင်ဖုန်း၊ Laptop ကွန်ပျူတာများကို တာဝန်ရှိသူ၏ ခွင့်ပြုချက်ဖြင့်ယူဆောင်သွားရ မည်ဖြစ်သည်။

(င)     အသက် (၁၂)နှစ်အောက် ကလေးစာဖတ်သူများသည် အုပ်ထိန်းသူတစ်ဦး ဦးနှင့် အတူ လာရောက်ဖတ်ရှုနိုင်သည်။

(စ)     အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများသည်ကျောင်းသား ကတ် ဖြင့်လာရောက်ဖတ်ရှုနိုင်သည်။(ဆ)    စာအုပ်စင်ခန်းများအတွင်းသို့ မိမိကိုယ်ပိုင်စာအုပ်များကို လုပ်ငန်းလိုအပ်ချက် အရ ယူဆောင်လိုပါက သက်ဆိုင်ရာတာဝန်ခံ၏ခွင့်ပြုချက်ဖြင့် မိမိယူဆောင် သွားလို သောစာအုပ်များကို မှတ်ပုံတင်ဌာနစိတ် (Information Desk)  တွင်မှတ်တမ်းရေးသွင်းထားရှိရမည်။

(ဇ)     သက်ဆိုင်ရာစာဖတ်ခန်းများကို အသုံးပြုပြီးပါက ‘စာကြည့်တိုက်အသုံးပြုခွင့် ကတ်ပြား’ ကို မှတ်ပုံတင်ဌာနစိတ်တွင် (Information Desk) မိမိအပ်နှံထား သော သက်သေခံကတ် ပြားကိုပြန်လည်လဲလှယ်ထုတ်ယူရမည်။

 

စာဖြန့်လုပ်ငန်းများ

၃။      စာဖြန့်လုပ်ငန်းတွင် အောက်ပါလုပ်ငန်းရပ်များပါဝင်ပါသည်-

          (က) စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ခြင်း

          (ခ)  စာဖတ်ခန်းဝန်ဆောင်မှုလုပ်ငန်းများ

          (ဂ) မိတ္တူကူးခြင်း

          (ဃ)  စာပေပစ္စည်းများငှားရမ်းခြင်း

          (င)  ရည်ညွှန်းဝန်ဆောင်မှုလုပ်ငန်းများ

          (စ) ခေတ်မီသတင်းအချက်အလက်နည်းပညာအသုံးပြုဝန်ဆောင်မှုပေးခြင်း

               (Multimedia Service)

 

(က)    စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ခြင်း

၄။      အမျိုးသားစာကြည့်တိုက်ရှိ စာစုများကို အသုံးပြုနိုင်ရန်အတွက် စာကြည့်တိုက် အသုံးပြုသူများသည် စာကြည့်တိုက်အသင်းဝင်အဖြစ် မှတ်ပုံတင်ပြုလုပ်ရမည်။

အသင်းဝင်ခွင့်လျှောက်လွှာပုံစံများကို စာကြည့်တိုက်တွင်လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ အမျိုးသားစာကြည့်တိုက် Website www.nlm.gov.mm တွင် ဝင်ရောက်၍ဖြစ်စေ ရယူနိုင်သည်။

၅။      စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ရာတွင် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ် ထားသည်-

          (က)    ကလေးစာကြည့်တိုက်အသင်းဝင်     

(၁)     အသက်(၅)နှစ်မှ (၁၅)နှစ် အတွင်းဖြစ်ရမည်။

(၂)    ဧည့်နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံသို့ အစိုးရကိစ္စ၊ စီးပွားရေးကိစ္စ၊ ပညာတော်သင်၊                             စီမံကိန်းများအတွက် လာရောက်သူ များ၊ နိုင်ငံခြားသံရုံးများတွင် အမှုထမ်းသူများ၏ သားသမီးများဖြစ်ရ                     မည်။

(၃)     မိဘအုပ်ထိန်းသူ၏ထောက်ခံချက်တင်ပြရမည်။


(ခ)     အမျိုးသားစာကြည့်တိုက်အသင်းဝင်

         (၁)     အသက် (၁၅)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

         (၂)      ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားဝင် နေထိုင်သူဖြစ်ရမည်။

        (၃)    ဧည့်နိုင်ငံသား၊နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံသို့ အစိုးရကိစ္စ၊ စီးပွားရေး ကိစ္စ၊ ပညာတော်သင်၊ စီမံကိန်းများအတွက် လာရောက်သူ များ၊ နိုင်ငံခြားသံရုံးများတွင် အမှုထမ်းသူများဖြစ်ပြီး နိုင်ငံကူးလက် မှတ်၊ ဧည့်နိုင်ငံသားလက်မှတ် တရားဝင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

        (၄)    သက်ဆိုင်ရာသံရုံး သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် ဌာန၏ ထောက်ခံချက် တင်ပြရမည်။


၆။      စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ  မှတ်ပုံတင် ပြီး အသင်းဝင်ကတ်ပြားရရှိပါက သတ်မှတ်ထားသော စာကြည့်တိုက်စည်းကမ်းချက်များ နှင့်အညီ စာကြည့်တိုက်ရှိစာစုများကိုငှားရမ်း အသုံးပြုနိုင်သည်။

 

(ခ) စာဖတ်ခန်းဝန်ဆောင်မှုလုပ်ငန်း

၇။      အထွေထွေစာဖတ်ခန်းတွင် အောက်ပါအတိုင်း အသုံးပြုနိုင်သည်-

(က)    ရည်ညွှန်းစာအုပ်စာတမ်းများ၊ တစ်လအတွင်း လတ်တလောထုတ်ဝေသော စာအုပ်များနှင့် စာနယ်ဇင်းများကို အထွေထွေစာဖတ်ခန်းအတွင်း ဖတ်ရှုနိုင်သည်။

 (ခ)    စာအုပ်စင်ခန်းများအတွင်း စင်တင်ထိန်းသိမ်းထားသော စာစုများကို စာဖြန့် ကောင်တာ မှတစ်ဆင့်ရယူ၍ အထွေထွေစာဖတ်ခန်းအတွင်း ဖတ်ရှုနိုင်သည်။

(ဂ)     ပေ၊ပုရပိုက်နှင့်လက်ရေးစာများကို ရှားပါးစာအုပ်စာနယ်ဇင်းတာဝန်ခံ၏            ခွင့်ပြုချက်ဖြင့် ထုတ်ယူ၍စာဖတ်ခန်းအတွင်းဖတ်ရှုနိုင်သည်။

(ဃ)    အမျိုးသားစာကြည့်တိုက်သို့ လာရောက်လှူဒါန်းသော စာပေအနုပညာပစ္စည်း များအား လှူဒါန်းသူ၏ဆန္ဒအရ သီးသန့်စာစုများအဖြစ် ထိန်းသိမ်းထားရှိပြီး အဆိုပါ စာစုများကို တာဝန်ကျစာကြည့်တိုက်ဝန်ထမ်းမှတစ်ဆင့် ရယူ၍ ဖတ်ရှုနိုင်သည်။

၈။      ယေဘုယျအားဖြင့် အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသော စာပေ အနုပညာပစ္စည်းများကို စာကြည့်တိုက်၏ သက်ဆိုင်ရာစာဖတ်ခန်းများအတွင်း အောက်ပါအတိုင်း ထုတ်ယူဖတ်ရှုနိုင်သည်-

စဉ်

စာပေပစ္စည်းအမျိုးအစား

 ခုနှစ်သတ်မှတ်ချက်

တစ်ကြိမ်လျှင်ဖတ်ရှုခွင့်   ပြုသည့် အရေအတွက်

စာအုပ်(အင်္ဂလိပ်/

မြန်မာ)

ယခုမှ လွန်ခဲ့သော နှစ်ပေါင်း

(၃၀)အတွင်းထုတ်ဝေသည့် စာအုပ်

၅ အုပ်မှ ၁၀ အုပ်

စာ-နယ်-ဇင်း

ယခုမှလွန်ခဲ့သောနှစ်ပေါင်း

(၂၀)နှစ်အတွင်းထုတ်ဝေသည့်

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း

တစ်နှစ်စာ

ပေ၊ ပုရပိုက်၊ လက်ရေးစာများ

-

ပေထုပ် တစ်ထုပ်၊ ပုရပိုက် တစ်ဆူ၊   လက်ရေးစာမိတ္တူ

PDF file/ licenced database

-

ကွန်ပျူတာတွင်ဖတ်ရှုနိုင်သည်။

အသံဖိုင်များ၊ မျက်မမြင်စာများ

-

သက်ဆိုင်ရာကိရိယာဖြင့်

ဖတ်ရှုနိုင်သည်။

ကလေးစာစု

-

စင်ဖွင့်စနစ်ထားရှိသည်။

 

 

ကန့်သတ်ချက်များ

၉။      အမျိုးသားစာကြည့်တိုက်ပိုင်စာပေအနုပညာပစ္စည်းများအနက် အောက်ပါတို့ကို ထုတ်ယူ ဖတ်ရှုခွင့် မပြုပါ-

(က)    တည်ဆဲဥပဒေများအရ တားမြစ်ထားသော စာပေအနုပညာပစ္စည်းများ၊

(ခ)     အမျိုးသားစာကြည့်တိုက်ကြီးကြပ်ရေးအဖွဲ့က အများပြည်သူဖတ်ရှုရန် မသင့်လျော်ဟု သတ်မှတ်ထားသော စာပေအနုပညာပစ္စည်းများ၊

(ဂ)     အမျိုးသားစာကြည့်တိုက်ကြီးကြပ်ရေးအဖွဲ့က ရှားပါးသောစာပေအမွေအနှစ်

ပစ္စည်း များဟု သတ်မှတ်ကာ ထိန်းသိမ်းထားသော စာပေအနုပညာပစ္စည်း

များ၊

၁၀။    ရှားပါးသောစာပေအမွေအနှစ်များ၏ ဒစ်ဂျစ်တယ်ပုံစံစာစုများကို သတ်မှတ်စည်းမျဉ်း များနှင့်အညီ ဖတ်ရှုနိုင်သည်။

 

မိတ္တူကူးခြင်း၊ဓာတ်ပုံရိုက်ကူးခြင်းနှင့်ဒစ်ဂျစ်တယ်ပုံစံပြောင်းခြင်း (Photocopying, photographing and digitizing Service)

၁၁။    အမျိုးသားစာကြည့်တိုက်၏ စာပေအနုပညာပစ္စည်းများကို  မိတ္တူကူးယူခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း၊ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲခြင်းများအတွက်သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် အညီပြုလုပ်ရမည်။

၁၂။     ဒစ်ဂျစ်တယ်ပုံစံ ပြောင်းလဲထားပြီးသော အောက်ပါစာပေပစ္စည်းများကိုသတ်မှတ်နှုန်း ထားအတိုင်း ပုံနှိပ်မိတ္တူ (Print copy)ထုတ်ယူခွင့်ပြုနိုင်သည်။

(က)    ရှားပါး စာပေစာစုများ

(ခ)     ပေ၊ ပုရပိုက်များနှင့် မင်ကူးများ

(ဂ)     မြန်မာနိုင်ငံအကြောင်းစာစုများ

(ဃ)    လက်ရေးစာမူများ

၁၃။    မိတ္တူကူးယူခြင်း၊ ဒစ်ဂျစ်တယ်ပုံစံမှပုံနှိပ်မိတ္တူ (Print copy)ထုတ်ယူခြင်းများပြုလုပ်လိုပါက အောက်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(က)    ‘မိတ္တူကူး/ဒစ်ဂျစ်တယ် မိတ္တူကူး ပုံစံ’ တွင်ဖြည့်စွက်ရမည်။

(ခ)    မိတ္တူကူး/ဒစ်ဂျစ်တယ်မိတ္တူကူးရန်သတ်မှတ်ထားသော စာမျက်နှာအရေအတွက်နှင့် ဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

 

စဉ်

အသုံးပြုသူ

အမျိုးအစား

သတ်မှတ်ထား   သောစာမျက်နှာ

တစ်မျက်နှာဈေးနှုန်း

ဓာတ်ပုံပါ   တစ်မျက်နှာ ဈေးနှုန်း

၁။

မြန်မာနိုင်ငံသား

စာအုပ်/ စာနယ်ဇင်း

တစ်အုပ်၏ ၃ပုံ၁ပုံ

Photocopy –

A4 size  ၂၅ ကျပ်

A3 size  ၅၀ ကျပ်

Photocopy –

A4 size ၄၀ ကျပ်

A3 size ၇၅ ကျပ်

Scanned/print-

A4 size  ၁၀၀ ကျပ်

A3 size  ၁၅၀ ကျပ်

စီဒီ - ၂၀၀ ကျပ်

Scanned/print-

A4 size  ၁၂၀ ကျပ်

A3 size ၂၀၀ ကျပ်

စီဒီ - ၂၀၀ ကျပ်

၂။

နိုင်ငံခြားသား

စာအုပ်/ စာနယ်ဇင်း

တစ်အုပ်၏ ၃ပုံ၁ပုံ

တစ်မျက်နှာ   US$ 0.1

တစ်မျက်နှာUS$ 0.1

Scanned/print-

တစ်မျက်နှာ US$ 0.5

(စီဒီပါဝင်သည်)

Scanned/print-

တစ်မျက်နှာ US$ 0.5

(စီဒီပါဝင်သည်)

(ဃ) စာပေပစ္စည်းများငှားရမ်းခြင်း

၁၄။    စင်ဖွင့်စနစ်ဖြင့်ထားရှိသော (ရ) နှစ်အတွင်းထုတ်ဝေသည့်စာပေပစ္စည်းများမှလွဲ၍ ကျန်စာပေပစ္စည်းများကိုငှားရမ်းခွင့်မပြုပါ။

၁၅။    လုပ်ငန်းအရ လိုအပ်၍ မူရင်းအထောက်အထားကို ပြသရန်လိုအပ်သဖြင့်ငှားရမ်း သည့်အခါ ခိုင်လုံသော အကြောင်းပြချက် သင့်လျော်သော ကာလအပိုင်းအခြား သတ်မှတ်၍ ငှားရမ်းပေးရမည်။

၁၆။    ငှားရမ်းခွင့်ရှိသောသူများသည်စာကြည့်တိုက်အသင်းဝင်ကတ်ဖြင့်သာငှားရမ်းခွင့်

ရှိသည်။

(င) ရည်ညွှန်းဝန်ဆောင်မှုလုပ်ငန်းများ

၁၇။    စာကြည့်တိုက်အသုံးပြုသူများ၏ သိလို၍ မေးမြန်းလာသောအကြောင်းအရာများကို ကူညီရှာဖွေပေးခြင်း၊ ရည်ညွှန်းစာအုပ်များ၊အထောက်အထားများကို လက်ကိုင်ပြု၍ ဖြေကြားဝန်ဆောင်မှုများ အပြင် စာဖတ်သူများမှ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ၊ စာကြည့်တိုက် Website ရှိ Online Reference Services မှဖြစ်စေ၊ ရည်ညွန်းစာကြည့်တိုက်မှုး၏ မေးလ်လိပ်စာမှဖြစ်စေ စုံးစမ်းမေးမြန်းလာမှုများကို ပြန်လည်ဖြေကြားပေးရာတွင် အောက်ပါလုပ်ငန်းများကိုဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

          (က)    Ask-A- Librarain

မေးမြန်းလိုသူများအနေဖြင့်ဦးစွာ မေမြန်းစုံစမ်းခြင်းကို စာကြည့်တိုက် Website ရှိ Query Form (သို့) မေးမြန်းစုံစမ်းလွှာပုံစံကို အသုံးပြု၍ မေးခွန်းများကိုတင်ပြမေးမြန်းနိုင်သည်။ စုံစမ်းမေးမြန်းမှုများကို အလျှင်အမြန်ရှာ  ဖွေဆောင်ရွက်ပေးခြင်းနှင့်ပုံမှန်အားဖြင့် (၁) ပတ်အတွင်း မေးမြန်းသူ၏ မေးလ်လိပ်စာသို့ ပြန်လည်ဖြေကြားခြင်းကိုဆောင်ရွက်ပေးမည်ဖြစ်သည်။

(ယင်းဝန်ဆောင်မှုသည် စာအုပ်စာရင်းများစီစဉ်ပေးခြင်းနှင့် ဉာဏ်စမ်းမေးခွန်းများကိုဆောင်ရွက်ပေးမည်မဟုတ်ပါ)

(ခ)     Reference Services by Telephone (တယ်လီဖုန်းအသုံးပြုဝန်ဆောင်မှု)

          စာကြည့်တိုက်ရှိ စုဆောင်းထားသည့် စာပေပစ္စည်းများနှင့် ပါတ်သက်၍ဖြစ်စေ၊ သိချင်သောအကြောင်းအရာပေါ်မူတည်၍ တယ်လီဖုန်းဖြင့်စုံစမ်းမေးမြန်းမှုများကိုချက်ချင်းဖြစ်စေ၊ ရှာဖွေ၍ဖြစ်စေ ပြန်လည်ဖြေကြားဝန်ဆောင်မှု ဖြစ်ပါသည်။

           

(စ) ခေတ်မီသတင်းအချက်အလက်နည်းပညာအသုံးပြုဝန်ဆောင်မှုပေးခြင်း(Multimedia Service)

၁၈။    အမျိုးသားစာကြည့်တိုက်သည် စာဖတ်သူများအား ပြည့်ဝလျှင်မြန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များအတိုင်း အင်တာနက်မှသတင်းအချက် အလက်များ ကို ရယူအသုံးပြုနိုင်သည်။

 (က)   တစ်ဦးလျှင် (၂) နာရီသာအသုံးပြုခွင့် ကို သက်ဆိုင်ရာ ကောင်တာရှိ Server Computer ရှိ System မှ ဆောင်ရွက်မည်ဖြစ်ပါသည်။

ဆက်လက်အသုံး ပြုရန်လိုအပ်ပါက(စောင့်ဆိုင်းနေသူမရှိလျှင်)သက်ဆိုင်ရာတာဝန်ရှိသူ၏  ခွင့်ပြုချက်ဖြင့်     ဆက်လက်အသုံးပြုနိုင်သည်။

 (ခ)    အသိပညာ၊ဗဟုသုတနှင့်ပညာရေးအထောက်အကူပြုရန် သီးသန့်အတွက်သာ ရည်ရွယ်အသုံးပြုခွင့်ရှိသည်။ 

အရေးယူခြင်း

၁၉။    စာကြည့်တိုက်အသုံးပြုခွင့် (ဝင်ခွင့်)ကတ်ပြားပျက်စီးခြင်း၊ပျောက်ဆုံးခြင်း (Loss of Library visitor- card)

(က)    စာဖတ်သူသည်သက်ဆိုင်ရာ စာဖတ်ခန်းတာဝန်ခံမှတစ်ဆင့် ညွှန်ကြားရေးမှူးထံသို့ အကြောင်းကြားရမည်။

(ခ)    ပျက်စီး (သို့မဟုတ်)  ပျောက်ဆုံးသွားသောစာကြည့်တိုက်အသုံးပြုခွင့်ကတ်နံပါတ်ကို ခေတ္တ (သို့မဟုတ်)  အပြီးတိုင်ပယ်ဖျက်ရမည်။

(ဂ)     ပျောက်ဆုံးသွားသော ကတ်ပြားကို ပြန်လည်အစားထိုးနိုင်ရန်အတွက် လျှော်ကြေး ငွေ ၁၀၀၀/− (တစ်ထောင်ကျပ်တိတိ) ပေးဆောင်ရမည်။

(ဃ)    ပယ်ဖျက်ထားသော စာကြည့်တိုက်အသုံးပြုခွင့်ကတ်ပြားကို ကိုင်ဆောင်ထားသော အခြားသူတစ်ဦးအားတွေ့ရှိပါက စာကြည့်တိုက်ဝန်ထမ်းသည် အမျိုး သားစာကြည့်တိုက်မှ တာဝန်ရှိသူတစ်ဦးဦးထံ သတင်းပို့ရမည်။