Excellent Gateway Education Centreမှ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ကလေးစာကြည့်တိုက်သို့ လာရောက်လေ့လာခြင်း။
(၂၉-၄-၂၀၂၂)
(၂၉-၄-၂၀၂၂)ရက်နေ့တွင် Excellent Gateway Education Centreအဆင့်မြင့်မူကြို(၂) အင်္ဂလိပ်စာသင်တန်းကျောင်း ဗိုလ်တထောင် မှ ဆရာ၊ ဆရာမ(၆)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးတို့သည် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ကလေးစာကြည့်တိုက်သို့လာရောက်လေ့လာခဲ့ကြပါသည်။ အဆိုပါလေ့လာရေးအစီအစဉ်တွင် ကလေးစာကြည့်တိုက်အတွင်းရှင်းလင်းပြသခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံစံတုံးကလေးများနှင့် အရုပ်ဆက်ကစားနည်းကစားခြင်း၊ စာဖတ်ပြခြင်း၊ ပုံပြောခြင်း စသည့်လုပ်ငန်းစဉ်များကို စာကြည့်တိုက်မှူးများက ဦးဆောင်၍ဆောင်ရွက်ခဲ့ကြပါသည်။
ကျောင်းသူ၊ ကျောင်းသားများ ကလေးစာကြည့်တိုက်အတွင်းလေ့လာခြင်း။
ဆေးရောင်ခြယ်ရေးဆွဲခြင်း။
စာကြည့်တိုက်မှူးတစ်ဉီးမှ ပုံပြင်ပြောပြခြင်း။