အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီ ပညာဌာန ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာပြပွဲ (Narrative on Canvas) ကျင်းပ

05/18/24

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပန်းချီ ပညာဌာန ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာပြပွဲ (Narrative on Canvas) ကျင်းပ



(၁၈-၅-၂၀၂၄)


DSC09665.jpg

     အနာဂတ်လူ့ဘောင်အဖွဲ့အစည်းက လိုလားသော အနုပညာသစ်များကို ဖန်တီးနိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနမှ မဟာဝိဇ္ဇာတန်းများနှင့် စတုတ္ထနှစ် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အနုပညာလက်ရာပြပွဲ (Narrative on Canvas) ကို အနုပညာဖန်တီးမှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် ပြပွဲကျင်းပရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို နားလည်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေပြီး ခေါင်းဆောင်မှုစွမ်းရည်များ ရရှိစေရန် ရည်ရွယ်၍ ၁၈-၅-၂၀၂၄ ရက်နေ့၊ နေ့လယ်(၂) နာရီက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)   Exhibition Hall ၌ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်‌ ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်၊ ပြင်ပပညာရှင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီး များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


  






အမျိုးသားစာကြည့်တိုက်(ရန်ကုန်)

(၁၈-၅-၂၀၂၄)