အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အနေဖြင့် နိုင်ငံတကာစာကြည့်တိုက်များ၊ အဖွဲ့အစည်း များနှင့် စာအုပ်လဲလှယ်ရေးအစီအစဉ်များဆောင်ရွက်လျက်ရှိ

08/09/24

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အနေဖြင့် နိုင်ငံတကာစာကြည့်တိုက်များ၊ အဖွဲ့အစည်း များနှင့် စာအုပ်လဲလှယ်ရေးအစီအစဉ်များဆောင်ရွက်လျက်ရှိ


၁။      အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အနေဖြင့် နိုင်ငံတကာစာကြည့်တိုက်များ၊ အဖွဲ့ အစည်းများနှင့် စာအုပ်လဲလှယ်ရေးအစီအစဉ် (Book Exchange) ကို ဆောင်ရွက်လျက်ရှိပါ သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စာအုပ်လဲလှယ်ရေးအစီအစဉ် (Book Exchange) အရ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ နိုင်ငံတကာစာကြည့်တိုက်များ၊ အသင်းအဖွဲ့များ ထံသို့ စာအုပ်များပေးပို့မှုအနေဖြင့် National Library of China, The Language and Literature Bureau Library (Brunei), Brunei Museum Department, National Library of Cambodia, National Library of Indonesia, National Library of Laos, National Library of Malaysia, National Library of Philippines, National Library of Thailand, National Library of Vietnam စာကြည့်တိုက်များသို့ စာအုပ်ပေါင်း (၁၇၆) အုပ်ကို ပေးပို့ ဆောင်ရွက်ခဲ့ပါသည်။

၂။       နိုင်ငံတကာစာကြည့်တိုက်များ၊ အသင်းအဖွဲ့များထံမှ စာအုပ်လဲလှယ်ရေး အစီအစဉ် (Book Exchange) အရ ပေးပို့လာသည့် စာအုပ်ပေါင်း (၂၉၃) အား အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မှ လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။ ပေးပို့လာသည့်နိုင်ငံများမှာ National Library of Cambodia မှ (၁၇) အုပ်၊ National Library of Indonesia မှ (၁၄) အုပ်၊ National Library of Laos မှ (၁၆) အုပ် ၊  National Library of China မှ (၂၀၀) အုပ် နှင့် Library of Congress (Yangon Office) မှ (၄၆) အုပ် ဖြစ်ပါသည်။




မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံ ခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Seminar on Conservation Management of Library Collections for ASEAN) သို့တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်(၈)နိုင်ငံမှ ကိုယ်စား လှယ်များ (၉.၈.၂၀၂၄) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့ လေ့လာရေး လာရောက်စဉ် စာအုပ်လဲလှယ်ရေးအစီအစဉ် (Book Exchange) အရ စာအုပ်များ လဲလှယ်ခြင်း မှတ်တမ်းဓာတ်ပုံများ



အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

(၉-၈-၂၀၂၄)