ကလေးများနေ့အကြိုကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓါတ်ပုံပြပွဲကျင်းပခြင်း။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ " ကလေးများနေ့အကြို ကလေးစာကြည့်တိုက်လှုပ်ရှားမှု "
အစီအစဉ်နှင့် ဓါတ်ပုံပြပွဲ
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ " ကလေးများနေ့အကြို ကလေးစာကြည့်တိုက်လှုပ်ရှားမှု " ဓါတ်ပုံပြပွဲတွင်
ကလေးစာပေသမိုင်းကြောင်းနှင့် ကလေးစာပေဆိုင်ရာစာအုပ်များ၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှုဓါတ်ပုံများအား ခင်းကျင်းပြသထားပြီး အမျိုးသားစာကြည့်တိုက်ဝန်ထမ်းများမှလည်း ကလေးများနှင့်အတူ ပုံပြင်ပြောခြင်း၊ ပုံပြောပြိုင်ပွဲပြုလုပ်ခြင်း၊
ကဗျာရွတ်ဆိုခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ခြင်း၊ စကားပုံများဖြေဆိုခြင်း၊ စာဖတ်ပြခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့် ကလေးများ ပျော်ရွှင်စေရန်အတွက် ဂိမ်းကစားခြင်းများကို ကလေးများနှင့်အတူ ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသည့်ကလေးများအား ဆုလက်ဆောင်များကိုလည်း ချီးမြှင့်ပေးခဲ့ပါသည်။
၈-၂-၂၀၂၅ (စနေနေ့)
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)
အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့