၇၉ နှစ်မြောက်အာဇာနည်နေ့ဂုဏ်ပြုအကြိုဟောပြောပွဲနှင့်စာအုပ်ပြပွဲအခမ်းအနား

10/15/26

                   ၁၇.၇.၂၀၂၆ ရက်နေ့ နံနက်၁၀နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ (၇၉) နှစ်မြောက်အာဇာနည်နေ့ဂုဏ်ပြုအကြိုဟောပြောပွဲနှင့်စာအုပ်ပြပွဲ" အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ဖိတ်ကြားထားသောဌာနဆိုင်ရာမှဝန်ထမ်းများ၊ အမေ့ရတနာကိုယ်ပိုင်ကျောင်း၊ ပညာ့အောင်မြေကိုယ်ပိုင်ကျောင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာ၊ ဆရာမ(၁၂) ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၁၇)ဦးတို့ တက်ရောကိခဲ့ကြပါသည်။ အခမ်းအနားတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာ့သမိုင်းအဖွဲ့၊ အဖွဲ့ဝင်ဆရာကြီးဦးသန်းလွင်က အာဇာနည်နေ့နှင့် ပတ်သက်သည့်အကြောင်းအရာများကိုဟောပြောပို့ချခဲ့ပါသည်။