မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်လှုပ်ရှားမှု
၁၂-၂-၂၀၂၅ (တပို့တွဲလပြည်နေ့)သည် မြန်မာ့သနပ်ခါးနေ့ဖြစ်ပါ၍ သနပ်ခါးနေ့ အထိမ်းအမှတ်ရက်သတ္တပတ်ဆောင်ရွက်မှုကို အမျိုးသားစာကြည်တိုက်(ရန်ကုန်) တွင် ၁၂-၂-၂၀၂၅ မှ ၁၈-၂-၂၀၂၅ အထိ ကျင်းပဆောင်ရွက်။
မြန်မာ့သနပ်ခါးနေ့ ရက်သတ္တပတ်ဆောင်ရွက်မှုတွင် မြန်မာ့သနပ်ခါးသမိုင်းအကြောင်းများ၊ သနပ်ခါးယဉ်ကျေးမှုနှင့် ပတ်သက်သောအကြောင်းအရာဆောင်းပါးများ၊ သနပ်ခါး စိုက်ပျိုးနည်းစနစ်များ အကြောင်း၊ သနပ်ခါးအသုံးဝင်ပုံနှင့် အာနိသင်များ အကြောင်း၊ မြန်မာ့သနပ်ခါးနေ့ သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို ခင်းကျင်းပြသထားပါသည်။


