စာကြည့်တိုက်မှူးများနှင့် AI (Artificial Intelligence)ဟောပြောပို့ချမှုနှင့်အလုပ်ရုံဆွေးနွေးပွဲ

07/30/25

    ၂၇.၆.၂၀၂၆ ရက်နေ့နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၌ "စာကြည့်တိုက်မှူးများနှင့် AI (Artificial Intelligence) ဟောပြောပို့ချမှုနှင့်အလုပ်ရုံဆွေးနွေးပွဲ" ကိုကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ဖိတ်ကြားထားသောဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ဒေါက်တာထွန်းအောင်ကျော် ပါမောက္ခ(ငြိမ်း)၊ စာကြည့်တိုက်နှင့်သုတပညာ၊ ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနက "AI and its Usefulness"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာခင်လေးစိုး ညွှန်ကြားရေးမှူး(ငြိမ်း)၊ ဆီမီယိုဒေသဆိုင်ရာသမိုင်းရိုးရာဓလေ့ဌာနက "မြန်မာနိုင်ငံရှိ စာကြည့်တိုက်များအတွက် ဉာဏ်ရည်တုအသုံးပြုရေးဆိုင်ရာမူဝါဒချမှတ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောပို့ချခဲ့ပါသည်။

      နေ့လည်ပိုင်းတွင် "စာကြည့်တိုက်မှူးများနှင့်AI(Artificial Intelligence) အလုပ်ရုံဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာကြသောစာကြည့်တိုက်မှူးများမှ အဖွဲ့များဖွဲ့၍ သက်ဆိုင်ရာအဖွဲ့အလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၃နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။