ကက်တလောက်ပြုစုခြင်း RDA(Resource Description and Access)ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ
ကက်တလောက်ပြုစုခြင်း RDA(Resource Description and Access)ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ
၂၆-၂-၂၀၂၆ ရက်နေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၌ " ကက်တလောက်ပြုစုခြင်း RDA(Resource Description and Access)" ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိူလ်(ရန်ကုန်) မှဒေါက်တာကေသီထွေး(ပါမောက္ခချုပ်)က အဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခဲ့ပါသည်။
ဆက်လက်၍ ဒေါက်တာထွန်းအောင်ကျော် ပါမောက္ခ(ငြိမ်း) စာကြည့်တိုက်နှင့်သုတပညာ၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနက RDA နှင့် ပတ်သက်သည့် အသိပညာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ဒေါက်တာထွန်းအောင်ကျော် ပါမောက္ခ(ငြိမ်း) မှ RDA နှင့်ပတ်သက်၍ သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်ဝန်ထမ်းများ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့မှ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။