Multimedia Media Room Services
Multimedia Room တွင် Etekkatho ဒီဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှု၊ Rsearch4Life Programm တို့ကိုဆောင်ရွက်ပေးထားပါသည်။
Etekkatho ဒီဂျစ်တယ်စာကြည့်တိုက်တွင် ရောင်စဉ်ဆရာအတတ်သင်မှစီစဉ်သည့် အင်္ဂလိပ်− မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့်သင်ခန်းစာများ၊ Myanmar Knowledge Society မှထုတ်ဝေသော သုတ၊ ရသ၊ အတွေးအခေါ်ဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်−မြန်မာနှစ်ဘာသာဖြင့်ရေးသား ထားသည့်ပုံပြင်များ၊ တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသည့်ပုံပြင်များ၊ TED Talks ကဲ့သို့သောစိတ်ဓါတ်ခွန်အားဖြည့် Video File များ၊ အလယ်တန်း၊အထက်တန်းနှင့်တက္ကသိုလ် ကျောင်းသားများအတွက်ဘာသာရပ်များ၊ လေ့လာကိုးကားစရာစာအုပ်စာတမ်းများ၊ Video Tutorial များနှင့် ဆရာ၊ ဆရာမများအတွက် ပညာရေးသီအိုရီနှင့် နည်းပညာများထည့်သွင်းထားပြီး အထွေထွေဗဟုသုတရှာဖွေသူများအတွက် မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသော ဝီကီပီးဒီးယား၊ စွယ်စုံကျမ်းများ၊ သင်ရိုး ၃၀၀ နီးပါးပါဝင်သော မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ သင်ခန်းစာများ၊ မြန်မာနိုင်ငံအခြေစိုက် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော မုခ်ဦးပညာရေးက ရေးသားထုတ်ဝေထားသော ပညာရေး၊ နိုင်ငံရေး၊ သိပ္ပံ၊ ငြိမ်းခြမ်းရေးနှင့် အခြားစိတ်ဝင်စားဖွယ် စာအုပ်စာတမ်းများ၊ ဆရာဦးအောင်သင်း၏ ဂန္တဝင်လက်ရာဖြစ်သော အမွေစာအုပ်အပြင် စာပေဟောပြောပွဲ Video File များ၊အသံဖိုင်များကို ရှာဖွေနိုင်ပါသည်။