စာဖတ်ခန်းဝန်ဆောင်မှုများ
စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ (Library Services)
အမျိုးသားစာကြည့်တိုက်သည် အမျိုးသားစာပေအမွေအနှစ်ကို ထိန်းသိမ်း၍ နောင်လာနောင်သားများသို့ လက်ဆင့်ကမ်းသယ်ဆောင်ရန် တာဝန်ရှိသည်ဖြစ်ရာ စာကြည့်တိုက်ပိုင် စာအုပ်စာတမ်းများကို စာကြည့်တိုက်ပြင်ပသို့ သယ်ဆောင်သွားခွင့်မပြုပေ။ အဓိကအားဖြင့် စာဖတ်ခန်းများတွင် မည်သူမဆိုလာရောက်၍ နိုင်ငံအတွင်း လတ်တလောထုတ်ဝေသည့် စာအုပ်စာတမ်းများကိုသာမက စာကြည့်တိုက်တွင် ထိန်းသိမ်းထားသော အခြားသောစာပေပစ္စည်းများကိုပါအခမဲ့ ဖတ်ရှုကြည့်ရှုလေ့လာနိုင်ပါသည်။ စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ပြီး အသင်းဝင်ကတ်ပြား ရရှိပါက သတ်မှတ်ထားသော စာကြည့်တိုက်စည်းကမ်းချက်များနှင့် အညီ စာကြည့်တိုက်ရှိစာစုများကို ငှားရမ်းအသုံးပြုနိုင်သည်။
စင်ဖွင့်စနစ်ဖြင့် ထားရှိသော စာကြည့်တိုက်မှ ငှားရမ်းအသုံးပြုခွင့်ရှိသည့် သတ်မှတ်ထားသည့် နှစ်အတွင်းထုတ်ဝေသည့် စာပေပစ္စည်းများမှလွဲ၍ ကျန်စာပေပစ္စည်းများကိုငှားရမ်းခွင့်မပြုပါ။
အောက်ပါဝန်ဆောင်မှုများကိုလည်းဆောင်ရွက်ပေးပါသည်−
စာဖတ်ခန်းဝန်ဆောင်မှုများ (Reading Room Service)
အထွေထွေစာဖတ်ခန်း(General Reading Room ) တွင် လတ်တလောထုတ်ဝေသည့် စာအုပ်စာနယ်ဇင်းများ၊ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်များကို ဖတ်ရှုနိုင်ပါသည်။ ပေ၊ ပုရပိုက်နှင့် ပြည်တွင်းထုတ်မြန်မာစာအုပ်များ၊ မြန်မာနိုင်ငံအကြောင်း (Books on Myanmar) စာစုများ၊ စာနယ်ဇင်းများ၊ ကုလသမဂ္ဂနှင့် အာဆီယံစာစုများကို သက်ဆိုင်ရာစာဖတ်ခန်းအသီးသီးတွင် ရယူဖတ်ရှုနိုင်စေခြင်းဖြင့် သုတေသီများ၊ ကျောင်းသူ၊ ကျောင်းသားများသာမက သတင်းအချက်အလက်ရှာဖွေသူမှန်သမျှကို ကူညီဝန်ဆောင်မှုပြုလျက်ရှိပါသည်။
Multimedia Media Room Services
မသန်စွမ်းသူများအတွက် စာဖတ်ခန်းဝန်ဆောင်မှု