Multimedia Media Room Services

04/06/20

Multimedia Room တွင် Etekkatho  ဒီဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှု၊ Rsearch4Life Programm နှင့် Proquest  Programm တို့ကိုဆောင်ရွက်ပေးထားပါသည်။

Etekkatho  ဒီဂျစ်တယ်စာကြည့်တိုက်တွင် ရောင်စဉ်ဆရာအတတ်သင်မှစီစဉ်သည့် အင်္ဂလိပ်− မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့်သင်ခန်းစာများ၊  Myanmar Knowledge Society မှထုတ်ဝေသော သုတ၊ ရသ၊ အတွေးအခေါ်ဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်−မြန်မာနှစ်ဘာသာဖြင့်ရေးသား ထားသည့်ပုံပြင်များ၊ တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသည့်ပုံပြင်များ၊ TED Talks ကဲ့သို့သောစိတ်ဓါတ်ခွန်အားဖြည့် Video File များ၊ အလယ်တန်း၊အထက်တန်းနှင့်တက္ကသိုလ် ကျောင်းသားများအတွက်ဘာသာရပ်များ၊ လေ့လာကိုးကားစရာစာအုပ်စာတမ်းများ၊ Video  Tutorial များနှင့် ဆရာ၊ ဆရာမများအတွက် ပညာရေးသီအိုရီနှင့် နည်းပညာများထည့်သွင်းထားပြီး အထွေထွေဗဟုသုတရှာဖွေသူများအတွက် မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသော ဝီကီပီးဒီးယား၊ စွယ်စုံကျမ်းများ၊ သင်ရိုး ၃၀၀ နီးပါးပါဝင်သော မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ သင်ခန်းစာများ၊ မြန်မာနိုင်ငံအခြေစိုက် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော မုခ်ဦးပညာရေးက ရေးသားထုတ်ဝေထားသော ပညာရေး၊ နိုင်ငံရေး၊ သိပ္ပံ၊ ငြိမ်းခြမ်းရေးနှင့် အခြားစိတ်ဝင်စားဖွယ် စာအုပ်စာတမ်းများ၊ ဆရာဦးအောင်သင်း၏ ဂန္တဝင်လက်ရာဖြစ်သော အမွေစာအုပ်အပြင် စာပေဟောပြောပွဲ Video File များ၊အသံဖိုင်များကို ရှာဖွေနိုင်ပါသည်။

        ProQuest Program ကိုလည်း multimedia media room တွင်ရယူအသုံးပြုနိုင်ပါသည်။

ProQuest Database တွင် ဘာသာရပ်ပေါင်း (၁၆၀) ကျော်ပါဝင်ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ဆေးပညာ၊ သတင်းများ၊ ကမ္ဘာ့ အကြောင်းအရာများ၊ နည်းပညာ၊ လူမှုရေးနှင့် သိပ္ပံပညာရပ်ဆိုင်ရာ စသည့် database များစွာကိုရှာဖွေလေ့လာအသုံးပြုနိုင်ပါသည်။