မသန်စွမ်းသူများအတွက် စာဖတ်ခန်းဝန်ဆောင်မှု

11/03/21

ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် စာကြည့်တိုက်သို့လာရောက်အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် သီးသန့်စာဖတ်ခန်းထားရှိပြီး စာဖတ်ခန်းတွင် အမြင်အာရုံချို့ယွင်းသူများဖတ်ရှုနိုင်ရန်အတွက် မျက်မမြင်စာဖြင့်ရေးသားထားသည့် စာအုပ်များ၊ မျက်မမြင်သုံးစာရေးကိရိယာများ၊ စာအုပ်ပါအကြောင်းအရာများကိုနာထောင်နိုင်မည့် Audio Book များကိုဆောင်ရွက်ပေးထားပြီး  MP3 Player နှင့် DVD Player များထားရှိပေးထားပါသည်။