Reading Rules

09/03/20

စာကြည့်တိုက်အသုံးပြုသူများလိုက်နာရန်စည်းမျဉ်းများ

()    မြန်မာနိုင်ငံအမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်အသုံးပြုသူများအတွက် ငြိမ်းချမ်းစွာ ပညာဗဟုသုတ ရှာမှီးရာဌာန 

        အဖြစ် ဝန်ဆောင်မှုပေးလျက်ရှိသည်နှင့်အညီ စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် စာကြည့်တိုက်မှ သတ်မှတ်ထားသော

        စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာကြရပါမည်။

()    စာကြည့်တိုက်ဝန်ထမ်းများနှင့် မိမိကဲ့သို့အမျိုးသားစာကြည့်တိုက်အသုံးပြုသူများကို လေးစားစွာ ဆက်ဆံပါ။

()   မိမိကျန်းမာရေးနှင့်သင့်လျော်သည့် သန့်ရှင်းသပ်ရပ်သောအဝတ်အစားကို ဝတ်ဆင်ခြင်းဖြင့် စာကြည့်တိုက်နှင့်စာဖတ်သူများ          ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကူညီပါ။

()    စာဖတ်ခန်းထဲသို့ မည်သည့်အစားအစာမျှ ယူဆောင်ခြင်းမပြုရပါ။

()    စာကြည့်တိုက်ပရဝုဏ်အတွင်းသို့ ကွမ်းယာ၊ ဆေးလိပ်နှင့် မူးယစ်စေတတ်သောအစားအစာ၊ ဆေးဝါးများ ယူဆောင်လာခြင်း

         မပြုရပါ။

(၆)    တာဝန်ရှိသူမှအပ စာကြည့်တိုက်အတွင်းသို့ အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ (ဓား စသည့် လက်နက်များ) ယူဆောင်

         လာခြင်းမပြုရ။

()    အိမ်မွေးတိရိစ္ဆာန်များကို စာကြည့်တိုက်အတွင်းခေါ်ဆောင်လာခြင်းမပြုရ။

()    ငွေကြေးနှင့် အရေးကြီးသော စာရွက်စာတမ်းများမှအပ မိမိယူဆောင်လာသော ပစ္စည်း များကို Locker တွင် ထားရှိရမည်။ 

        စာကြည့်တိုက်အသုံးပြုသူများနှင့် စာကြည့်တိုက်ပိုင် ပစ္စည်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စာကြည့်တိုက်၏ ပင်မအဝင်

        တံခါးတွင် တာဝန်ရှိ စာကြည့်တိုက် ဝန်ထမ်းမှ တာဝန်အရရှာဖွေခြင်းကို ကြည်ဖြူစွာလက်ခံပါ။

()   စာကြည့်တိုက်အတွင်း စီးပွားရေးအရ ဓာတ်ပုံရိုက်ကူးခြင်း၊ ရုပ်ရှင်/ဗီဒီယိုရိုက်ကူးခြင်းတို့ကို စာကြည့်တိုက်အကြီးအကဲ၏ 

        ခွင့်ပြုချက်ရရှိမှသာ ပြုလုပ်ရမည်။

(၁၀စာကြည့်တိုက်အတွင်း ကွင်းဆင်းလေ့လာခြင်းကို စာကြည့်တိုက်အကြီးအကဲ သို့မဟုတ် သက်ဆိုင်ရာစာကြည့်တိုက်တာဝန်ခံ         ၏ ခွင့်ပြုချက်ရရှိမှသာ ပြုလုပ်ရမည်။

(၁၁)  စာကြည့်တိုက်အသုံးပြုသူ (user) များကို ဓာတ်ပုံရိုက်ကူးခြင်း၊ ရုပ်ရှင်/ဗီဒီယိုရိုက်ကူးခြင်း မပြုလုပ်ရ။

(၁၂)   ရုန့်ရင်းကြမ်းတမ်းသောစကားများပြောကြားခြင်းနှင့်အပြုအမူများကိုစာကြည့်တိုက်ပရဝုဏ် အတွင်း မပြုလုပ်ရ။