အမျိုးသားစာကြည့်တိုက် သမိုင်းအကျဉ်း
ဗားနတ်အခလွတ်ပိဋကတ်တိုက်
အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှ စာစုကို အရင်းတည်၍ ဖွင့်လှစ်သော စာကြည့်တိုက် ဖြစ်သည်။ ၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝန်ရှင်တော် မင်းကြီး ဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့် အောက်မြန်မာ ပြည် တရားပိုင်မင်းကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်ဥက္ကဌ ဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့က အမှူးပြု၍ "ဘားနတ်အခလွတ်စာကြည့်တိုက်"ကို ဖွင့်လှစ်ခဲ့ပါသည်။
ဘားနတ်အခလွတ်စာကြည့်တိုက်သည် မင်းကြီးအက်ဒွပ်ဘားနတ်ပိုင် စာအုပ်များနှင့် ၎င်းပိုင်အဆောက်အအုံ ယခု အ−ထ−က(၁)လသာနေရာတွင်အစပြုခဲ့ပါသည်။ဘားနတ်စာ ကြည့်တိုက်သို့ပထမဆုံး အဖိုးတန်စာအုပ်စာတမ်းများလှူဒါန်းသူများမှာ တရားပိုင်မင်းကြီး ဆာဂျွန်ဂျာဒင်း၊ ပါဠိမောက္ခချိလဒါး(Professor Childers)၊ ဦးဖိုးမျှင်နှင့် ဦးမြို့တို့ဖြစ်ပါသည်။ ဦးဖိုးမျှင်နှင့် ဦးမြို့တို့က ငွေကျပ်တစ်သောင်းတန် ပေ၊ပုရပိုက်များနှင့် စာအုပ်များကိုလှူဒါန်း ခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ကင်းဝန်မင်းကြီးပိဋကတ်တိုက်မှ ပေ၊ပုရပိုက်၊စာမူစာအုပ်အစုစု ကို ငွေ ၁၅၀၀၀ ကျပ်ပေး၍လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပုဂံဝန်ထောက်မင်းဦးတင်၏ ပိဋကတ် တိုက်ကို ကျပ်ငွေ ၅၀၀၀ ပေး၍လည်းကောင်း ဝယ်ယူဖြည့်တင်းခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ဘားနတ်စာကြည့်တိုက်မှာစစ်ဒဏ်ကြောင့်ပရိဘောဂ များနှင့်စာအုပ်စာတမ်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။လွတ်လပ်ရေးရပြီးသောအခါ ၁၉၅၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသောအမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက်သည်ပြောင်းရွေ့မှုအဆင့်ဆင့်ပြုလုပ်ခဲ့ပါသည်။ (၂၀၀၈)ခုနှစ် တွင် နာဂစ်မုန်တိုင်းကြောင့် တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဆောက်အ အုံပျက်စီးသွားသဖြင့် ရန်ကင်းမြို့နယ်ကိုပြောင်းရွှေ့ခဲ့ပါပြီး ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိဖွင့်လှစ်ခဲ့ပါတယ်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမှတ် (၈၅-အေ)၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၁၀ ခုနှစ်မှစ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)အဆောက်အဦသစ်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
ရန်ကင်းမြို့နယ်ရှိ စာကြည့်တိုက်သည် တည်နေရာအရ အများပြည်သူသွားလာရလွယ် ကူသည့်နေရာမဟုတ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အများပြည်သူ အလွယ်တကူလာရောက် လေ့လာနိုင်မည့် အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်) သည် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်တွင် တည်ရှိပါသည်။
အမျိုးသားစာကြည့်တိုက်၏ပြောင်းရွေ့မှုအဆင့်ဆင့်မှာ−
၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက် − မြူနီစပယ်အဆောက်အအုံ (မြို့တော်ခန်းမ)
၁၉၅၂ ခုနှစ်၊ ဇွန်လ − ဂျူဗလီဟော (စစ်သမိုင်းပြတိုက်)
၁၉၆၂ ခုနှစ်၊ ဇွန်လ − အမှတ် ၁၆၆၊ ပန်းဆိုးတန်းလမ်း (ဒုတိယနှင့် တတိယထပ်များ)
၁၉၆၄ ခုနှစ်၊ သြဂုတ်လ − မြို့တော်ခန်းမ (တတိယထပ်)
၁၉၈၄ ခုနှစ်၊ သြဂုတ်လ − ၆ ထပ်ရုံး၊ ကမ်းနားလမ်း
၁၉၉၅ ခုနှစ်၊ ဇူလိုင်လ − တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်း
၂၀၀၈ ခုနှစ်၊ မေလမှ ၂၀၁၉ − အမျိုးသားစာကြည့်တိုက် (ရန်ကုန်)
ရန်ကင်းမြို့နယ်၊ သီရိမင်္ဂလာရိပ်သာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်း
၂၀၁၀ ခုနှစ် − အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
အဆောက်အအုံသစ်ဆောက်လုပ်ခြင်း
၂၀၁၃ ခုနှစ်၊ မေလ − အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဖွင့်လှစ်ခြင်း
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ − အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ − အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ဖွင့်လှစ်ခြင်း