ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

01/06/26

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)တို့  ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁) ကို ၂၀၁၀−၂၀၁၁ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိပြီးသူများတက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ (၁)နှစ်(၆)လ ဖြစ်ပြီး၊ စာကြည့်တိုက်ဖွင့်ရက်ဖြစ်သည့်အပတ်စဉ် အင်္ဂါနေ့မှစနေနေ့အထိ နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၃၀) နာရီအထိဖြစ်ပါသည်။ ပညာသင်ကာလ (၁) နှစ်ဖြစ်ပြီး၊ ကျန် (၆) လမှာ စာကြည့်တိုက်များတွင်စာကြည့်တိုက်လုပ်ငန်း လက်တွေ့သင်တန်းဆင်းခြင်းနှင့်ဘွဲ့ယူစာတမ်းပြုစုတင်ပြခြင်းများဆောင်ရွက်ရပါသည်။ အဆိုပါသင်တန်းတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)မှ စာကြည့်တိုက်မှူးများ၊ ပြင်ပမှ စာကြည့်တိုက်ပညာနှင့် ဆက်စပ်ပညာရပ်ဆိုင်ရာပညာရှင်များက ခေတ်နှင့်လျှော်ညီသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ပို့ချပေးလျှက်ရှိပါသည်။ သင်တန်းတက်ရောက်ပြီး၍ အောင်မြင်သူများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့လက်မှတ် "Post Graduate Diploma in Library Management - PGDLM)" ပေးအပ်ပါသည်။


ဒီပလိုမာသင်တန်းဝင်ခွင့်လျှောက်လွှာ.pdf