Digital Library Room Services
Digital Library Room Services
အမျိုးသားစာကြည့်တိုက်သည် စာဖတ်သူများအား ပြည့်ဝလျှင်မြန်သော ဝန်ဆောင်မှု ပေး နိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များအတိုင်း Digital Library Room တွင် အင်တာနက်မှသတင်းအချက် အလက်များကို ရယူအသုံးပြုနိုင်သည်။
(က) တစ်ဦးလျှင် (၂) နာရီသာအသုံးပြုခွင့် ကို သက်ဆိုင်ရာ ကောင်တာရှိ Server Computer ရှိ System မှ
ဆောင်ရွက်မည်ဖြစ်ပါသည်။ ဆက်လက်အသုံးပြုရန်လိုအပ်ပါက(စောင့်ဆိုင်းနေသူမရှိလျှင်) သက်ဆိုင်ရာ
တာဝန်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်အသုံးပြုနိုင်သည်။
(ခ) အသိပညာ၊ ဗဟုသုတနှင့် ပညာရေးအထောက်အကူပြုရန် သီးသန့်အတွက်သာ ရည်ရွယ်အသုံးပြုခွင့်ရှိသည်။
ထို့ပြင် အမျိုးသားစာကြည့်တိုက်ပိုင်စုဆောင်းထားသည့် စာအုပ်၊ စာနယ်ဇင်းဆိုင်ရာဒီဂျစ်တယ်စာစုများ၊ ပညာရေးဆိုင်ရာအစီရင်ခံစာနှင့်အထောက်အထားများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ အစီရင်ခံစာ ဒီဂျစ်တယ်စာစုများ၊၊electronic resources အသွင်ဆောင်ရွက်ထားပြီးဖြစ်သည့် ဗုဒ္ဓစာပေ ဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများစသည့်ဒီဂျစ်တယ်စာစုများအား စာဖတ်သူများအနေဖြင့် Library Management System Software ရှိ OPAC (Online Public Access Catalogue) တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်ပါသည်။
Rsearch4Life အစီအစဉ်များဖြစ်သည့် Hinari, AGORE, OARE, ARDI နှင့် GOAL စသည့်အစီအစဉ် (၅) ခုကို ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခမဲ့ရယူအသုံးပြုခွင့်ကို အမျိုးသားစာကြည့်တိုက်အနေဖြင့် မှတ်ပုံတင်စာရင်းသွင်းဆောင်ရွက်ထားသဖြင့် စာဖတ်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက်တွင် လာရောက်၍ အသုံးပြုရှာဖွေဖတ်ရှုနိုင်ပြီး ကျန်းမာရေး၊စိုက်ပျိုးရေး၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သိပ္ပံပညာရပ်ဆိုင်ရာများနှင့်ပတ်သက်သည့် သုတေသနဆိုင်ရာစာတမ်းများ၊ ဂျာနယ်များ၊ အထောက်အထားမှတ်တမ်းများ၊စာအုပ်များစသည့် ဒီဂျစ်တယ်စာစုပေါင်းများစွာကို လည်း လေ့လာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Rsearch4Life နှင့် ProQuest Program ကိုလည်း Digital Library Room တွင်ရယူအသုံးပြုနိုင်ပါသည်။
ထို့ပြင်အမျိုးသားစာကြည့်တိုက်တွင်ဖြစ်စေ Library Portal တွင်ဖြစ်စေ ရယူအသုံးပြုနိုင်မည့် Asia Literature Digital Online Database တစ်ခုကိုဆောင်ရွက်ထားရှိပြီး ယင်း Database များမှာ အာရှဒေသတွင်းရှိနိုင်ငံများဆိုင်ရာစာအုပ်၊ ကလေးစာပေဆိုင်ရာစာအုပ် နှင့် Audio စုစုပေါင်း (၃၀၀၀၀) ကျော်ကိုလည်း စာဖတ်သူများအနေဖြင့် အသုံးပြုဖတ်ရှုနိုင်မည်ဖြစ်ပါသည်။