အဓိကလုပ်ငန်းတာဝန်များ

04/06/20

၁။      ပြည်တွင်းပြည်ပမှ ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုကို စုဆောင်းထိန်းသိမ်း

         သော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း

၂။       ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်းများကို ပြည့်စုံ

          စွာ ရရှိအောင် စုဆောင်းထိန်းသိမ်းခြင်း        

၃။      အမျိုးသားစာစုစာရင်း  (National Bibliography ) ကိုပြုစုထုတ်ဝေခြင်း

၄။      စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကို ပြုလုပ်ခြင်း

၅။      နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင် ရွက်ခြင်း

၆။      ပြည်သူလူထုအား စာကြည့်တိုက်နှင့်သုတပညာ နှင့် ပတ်သက်၍ အသိပညာပေးခြင်း

၇။      အရှေ့တောင်အာရှဒေသမှ စာစုများကိုရယူစုဆောင်း၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း

၈။      မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏ စာနယ်ဇင်းအညွှန်း(Periodical Indexes)ကို ပြုစုထုတ်ဝေခြင်း

၉။      နိုင်ငံ၏စာကြည့်တိုက်နှင့် သုတပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက် နည်းစနစ်

          များကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေးအတွက် "စံ" သတ်မှတ်ကာပြုစု ထုတ်ဝေခြင်း

၁၀။    အရှေ့တောင်အာရှဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network) နှင့် နိုင်ငံတကာ

          ကွန်ယက်စနစ် (Internet) တွင် ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက်ဆိုင်ရာနည်းပညာများကို ဖွံ့ဖြိုး

          တိုးတက်အောင်ဆောင်ရွက်ခြင်း