Read me a book: ASEAN-ROK is Reading Campaign

02/04/20

အသံထွက်၍စာဖတ်ပြခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန် ဖေဖော်ဝါရီ ၄

    အနာဂတ်လူငယ်များဖြစ်သည့်ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအားစာဖတ်ခြင်း အလေ့အထရရှိစေရန်ပျိုးထောင်ပေးခြင်းအနေဖြင့် အာဆီယံ-ကိုရီးယား၏ “အတူတူစာဖတ်ကြစို့” စီမံကိန်းအရ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား အတူစာဖတ်စို့လား” အစီအစဉ်အတွက် “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်းကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ၄-၂-၂၀၂၀ ရက်နေ့နံနက်(၁၀:၀၀)နာရီတွင်ဖွင့်လှစ်ခဲ့ပါသည်။ 

8.jpg

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန (ရန်ကုန်) မှညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ရန်ကုန်) မှဌာနခွဲတာဝန်ခံ၊ အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ပန်းဘဲတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ခံနှင့်စာကြည့်တိုက်မှူး များ၊ ပန်းဘဲတန်းမြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Community Center များနှင့် ရန်ကင်းပညာရေးကောလိပ်မှဆရာ/ဆရာမများ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော် များတက်ရောက်ခဲ့ကြပါသည်။

10.jpg

အခမ်းအနားတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက အာဆီယံ-ကိုရီးယား၏ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား အတူစာဖတ်စို့လား” အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

“အသံထွက်၍စာဖတ်ပြခြင်းသင်တန်း” သို့သင်တန်းသား (၂၂၃) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကိုဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


11.jpg

6.jpg