( Yangon Film School-yfs) မှ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ Documentry Film DVD အခွေများလာရောက် လှူဒါန်းခြင်း။
(၁၀-၁၂-၂၀၂၀)
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့ ရန်ကုန်ရုပ်ရှင်ကျောင်း (Yangon Film School-yfs) မှ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ လူမှုစီးပွားရေး နှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် မှတ်တမ်းရုပ်ရှင် (Documentry Film ) DVD အခွေ ၁၀၀ ချပ်အား (၁၀-၁၂-၂၀၂၀) ရက်နေ့တွင် လာရောက်လှူဒါန်းရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီအေး မှ လက်ခံရယူခဲ့ပါသည်။
(Yangon Film School-yfs)လှူဒါန်းရရှိသည့် မှတ်တမ်းရုပ်ရှင် (Documentry Film ) DVD အခွေ အချပ် ၁၀၀ များအား အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ Audio & Video ခန်းတွင် ထိန်းသိမ်းထားရှိပြီး အများပြည်သူအားဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။