အမျိုးသားစာကြည့်တိုက်(နေပြည်တော်၊ ရန်ကုန်) ပြန်လည်ဖွင့်လှစ်ခြင်း။

11/01/21

(၁.၁၁.၂၀၂၁)



အမျိုးသားစာကြည့်တိုက်(နေပြည်တော်၊ ရန်ကုန်) ပြန်လည်ဖွင့်လှစ်ခြင်း

**********************************************

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့ အား အများပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တယ်လီဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်း၊ Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့အား (-၁၁-၂၀၂၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ၊ Standard Operating Procedure (SOP)နှင့် အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်(၀၉:၃ဝ)နာရီမှ ညနေ(:ဝဝ) နာရီအထိ ဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်း၊ Online မှတစ်ဆင့် ဝန်ဆောင်မှု ပေးခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

စာကြည့်တိုက်ဝန်ဆောင်မှုများအနေဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Website ဖြစ်သော www.nlmnpt.gov.mm တွင် လည်းကောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website ဖြစ်သော www.nlm.gov.mm တွင်လည်းကောင်း အမျိုးသားစာကြည့်တိုက် ပိုင် စုဆောင်းထားရှိသော Digital စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေစာ၊ ပုရပိုက်စာ၊ သမိုင်းနှင့် ရှေးဟောင်းသုတေသနစာစုများ၊ အစိုးရထုတ်စာအုပ်များ၊ အာဆီယံစာစုများ၊ ကမ္ဘာ့ ကုလသမဂ္ဂစာစုများ၊ ရှားပါးစာစုများ၊ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ သုတေသနစာတမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းများစသည့် e-Resources များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)