မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်များ လာရောက်လှူဒါန်းခြင်း။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်များ လာရောက်လှူဒါန်းခြင်းကို ၃၀-၇-၂၀၂၅ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ရာ လှူဒါန်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့်ဇနီး ၊ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
အင်္ဂလိပ်/ မြန်မာ/ ထိုင်းဘာသာ တို့ဖြင့် ရေးသားထားသော ထိုင်းနိုင်ငံသမိုင်းကြောင်း နှင့် ထိုင်းယဥ်ကျေးမှုဆိုင်ရာများရေးသားထားသော စာအုပ် ( ၉၀) အုပ်နှင့် လူမှုရေးလုပ်ငန်းများဆောင်ရွက်ထားရှိခြင်းကို မှတ်တမ်းတင်ရိုက်ကူးထားသော video file (၆) ခု တို့ကို ထိုင်းနိုင်ငံသံအမတ်ကြီးမှ ပေးအပ်လှူဒါန်းရာ အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူးက လက်ခံရယူပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက အဆိုပါ စာအုပ်များလှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားပါသည်။
ထို့နောက် သံအမတ်ကြီးနှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)